အာမခံ လျှောက်လွှာ (CAMT ကျောင်းသားများအတွက်)
အာမခံ လျှောက်လွှာ (CAMT ကျောင်းသားများအတွက်)
ရည်ရွယ်ချက် – CAMT နိုင်ငံတကာ ကျောင်းသားအာမခံအတွက် လျှောက်လွှာတင်သည့် နည်းလမ်းများနှင့် လိုအပ်သော အချက်အလက်များ။
လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများ (ကျောင်းသားမှ ပြင်ဆင်ရမည်)
အမည်အပြည့်အစုံ (ပတ်စပို့ နာမည်အတိုင်း )
ကျောင်းသားအမှတ်
ဘာသာရပ် / ဌာန / တက္ကသိုလ်
ပတ်စပို့နံပါတ်
ပတ်စပို့၏ ပထမစာမျက်နှာ ဓာတ်ပုံ (သေချာရှင်းလင်းသောပုံ)
အာမခံ လျှောက်လွှာဖောင် ( အချက်အလက်များ ဖြည့်ရန် )
အဆင့်လိုက် လုပ်ဆောင်ပုံ
တရားဝင်လျှောက်လွှာပုံစံ ရယူပါ။
CAMT အာမခံတာဝန်ရှိသူ (Insurance Coordinator) ထံမှ လျှောက်လွှာပုံစံကို ရယူပါ။ (သို့မဟုတ်) Online မှ ဖြည့်နိုင်ပါသည်။
လျှောက်လွှာဖြည့်ပါ။
လိုအပ်သောအချက်အလက်များဖြစ်သည့် အမည်၊ ကျောင်းသားအမှတ်၊ ဘာသာရပ်၊ ပတ်စပို့နံပါတ်၊ ဆက်သွယ်ရန်အချက်အလက်များကို သေချာတိကျစွာဖြည့်ပါ။
ပတ်စပို့ဓာတ်ပုံပြင်ဆင်ပါ။
ပတ်စပို့၏ ပထမစာမျက်နှာကို(သေချာရှင်းလင်းသောပုံ) ဓာတ်ပုံ (သို့) စကင်ပုံတင်ပါ။
လိုအပ်သောစာရွက်စာတမ်းများ တင်ပါ။
ပတ်စပို့ပုံနှင့် အခြားလိုအပ်သည့် စာရွက်စာတမ်းများကို လျှောက်လွှာနှင့်အတူ တင်ပါ။
တာဝန်ရှိသူထံ တင်သွင်းပါ။
ဖြည့်ပြီးသောလျှောက်လွှာနှင့် စာရွက်စာတမ်းများကို CAMT အာမခံတာဝန်ရှိသူထံ တင်သွင်းပါ။
အာမခံကုမ္ပဏီထံ ပေးပို့ခြင်း။
CAMT တာဝန်ရှိသူသည် ကျောင်းသား၏ အချက်အလက်များကို အာမခံကုမ္ပဏီ၏ စနစ်ထဲသို့ တင်သွင်းပါမည်။
အာမခံကတ် ထုတ်ပေးခြင်း။
လျှောက်လွှာကို လက်ခံပြီးနောက် အာမခံကုမ္ပဏီမှ ကျောင်းသားအတွက် အာမခံကတ် ထုတ်ပေးမည်။
အာမခံကတ် ဖြန့်ဝေခြင်း။
CAMT တာဝန်ရှိသူမှ ကတ်များကို လက်ခံပြီး ကျောင်းသားများထံ ဖြန့်ဝေမည်ဖြစ်သည်။
မိတ္တူသိမ်းဆည်းပါ။
အာမခံကတ်လက်ခံပြီးပါက မိတ္တူပုံ (သို့) scan ဖိုင် တစ်စောင် သိမ်းဆည်းပါ။
အာမခံမူဝါဒ ဖတ်ရှုပါ။
အာမခံကတ်ပေါ်ရှိ မူဝါဒအကြောင်းအရာများကို ဖတ်ရှု၍ နားလည်ထားပါ။
International Student Relations & Support