ရည်ရွယ်ချက် – ကျောင်းသားများသည် ဆေးရုံတွင် ငွေပေးချေပြီးနောက် အာမခံကုမ္ပဏီထံမှ ပြန်လည်တောင်းခံရန် လုပ်ဆောင်ရမည့် အဆင့်များ။
အရေးကြီးအချက် – ကျောင်းသားသည် ဆေးရုံတွင် ငွေကြိုပေးပြီးနောက် အတည်ပြုထားသော ငွေတောင်းခံပြေစာ (Invoice/Receipt) ကို သိမ်းဆည်းထားရန် လိုအပ်သည်။
လိုအပ်သောစာရွက်စာတမ်းများ
ဆေးရုံမှ ပေးသည့် မူရင်း ငွေတောင်းခံလွှာ / ပြေစာ
ဆေးခွင့်မှတ်တမ်း၊ ဆေးညွှန်းစာ၊ ဆေးစစ်ဆေးမှုအချက်အလက်များ
အာမခံကတ် (သို့မဟုတ်) အာမခံကဒ် နံပါတ်
ပတ်စပို့ပထမစာမျက်နှာ မိတ္တူ
အာမခံတောင်းဆိုလွှာ (လိုအပ်ပါက)
ငွေပြန်လည်လွှဲပေးရန် ဘဏ်အကောင့်အချက်အလက်များ
ဓာတ်ပုံများ (အထောက်အထားအနေနဲ့) သို့မဟုတ် ရဲစခန်းမှ တိုင်ကြားစာ (ဖြစ်ပါက)
ကုသမှုခံယူပြီး ငွေရှင်းပါ။
CMU Health Center သို့မဟုတ် ဆေးရုံသို့ သွားပြီး CAMT Insurance Card အသုံးပြုမည်ဟု ပြောပါ။
ဆေးခွင့်မှတ်တမ်း ရယူပါ။
ဆရာဝန်မှ မှတ်တမ်း၊ ဆေးညွှန်းစာ၊ စစ်ဆေးမှုအချက်အလက်များကို လိုအပ်သလောက် ရယူပါ။
စာရွက်စာတမ်းများကို scan သို့မဟုတ် ဓာတ်ပုံရိုက်ပါ။
Invoice၊ Receipt၊ ဆေးခွင့်မှတ်တမ်း၊ ပတ်စပို့နှင့် အာမခံကတ်ပုံများကို တစ်စုတစ်စည်းလုံး scan ပြီး သိမ်းဆည်းပါ။
အာမခံကုမ္ပဏီ၏ Website သို့ ဝင်ပါ။
အာမခံကုမ္ပဏီ၏ Claim Portal တွင် ဝင်ပြီး Acc မရှိသေးပါက အကောင့်အသစ်ဖန်တီးပါ။
Claim အသစ် တင်ပါ။
ကုသမှုအမျိုးအစား (ဆေးဘက်ဆိုင်ရာ ) ကိုရွေးပြီး သက်ဆိုင်ရာအချက်အလက်များ ဖြည့်သွင်းပါ။
စာရွက်စာတမ်းများတင်ပါ။
ကုန်ကျမှုစာရင်း၊ ဆေးခွင့်မှတ်တမ်း၊ ပတ်စပို့နှင့် အာမခံကတ် မိတ္တူများ တင်ပါ။
ဘဏ်အချက်အလက် ဖြည့်ပါ။
လိုအပ်ပါက ပြန်လည်လွှဲပေးရန် ဘဏ်အကောင့်နံပါတ်များ ဖြည့်ပါ။
တင်သွင်းပြီး အတည်ပြုချက် သိမ်းပါ။
Claim တင်ပြီးပါက အတည်ပြုနံပါတ်ကို Screenshot ယူပါ။
မူရင်းစာရွက်စာတမ်း သိမ်းဆည်းပါ။
လိုအပ်ပါက မူရင်းစာရွက်စာတမ်းများကို တင်သွင်းရန် အာမခံကုမ္ပဏီသို့ ပို့ပါ။
အခြေအနေစစ်ဆေးပါ။
အာမခံကုမ္ပဏီ website တွင် Claim အခြေအနေကို စစ်ဆေးပါ။
မရရှိပါက အကြောင်းကြားပါ။
Claim ငွေမရရှိပါက အာမခံဌာနနှင့် CAMT တာဝန်ရှိသူထံ ဆက်သွယ်ပါ။
လက်ခံရကြောင်း အကြောင်းကြားပါ။
လက်ခံရပြီးနောက် ဖြတ်ပိုင်း (သို့) ဘဏ်ငွေအဝင်ဖြတ်ပိုင်းအား သိမ်းဆည်းထားပါ။ မရရှိပါက သက်ဆိုင်သော အာမခံတာဝန်ရှိသူသို့အကြောင်းကြားပါ။
မတင်မှီ သေချာစီစစ်ပါ
မူရင်းပြေစာများ၊ ဝယ်စာရင်းများ၊ ဆေးစာများ၊ ပတ်စပို့ပထမစာမျက်နှာ မိတ္တူ၊
ကျောင်းသားကဒ်၊ အာမခံကဒ် မိတ္တူ၊ ရယူပြီးကြောင်းသက်သေ၊ ဘဏ်အချက်အလက်များ ။